မေးလေ့မေးထရှိသော မေးခွန်းများ

Golden News

  1. (၁) Golden News ဝန်ဆောင်မှုဆိုတာဘာလဲ?
  2. Golden News ဝန်ဆောင်မှုဆိုတာအသင်းဝင်ကြေးကိုအခြေခံပြီး ဒစ်ဂျစ်တယ်သတင်းများကိုစုစည်းထားတဲ့ဝန်ဆောင်မှုဖြစ်ပါတယ်။အသုံးပြုသူများသည် သတင်းဝန်ဆောင်မှုကိုရရှိရန် ဝန်ဆောင်မှုစာရင်းသွင်းရန်လိုအပ်ပါတယ်။

    Golden News ဝဘ်ဆိုဒ်တွင်ရှိသောသတင်းများကို မြန်မာဘာသာစကားဖြင့်ဖော်ပြထားပါတယ်။

    အဆိုပါဝဘ်ဆိုဒ်တွင်ဖျော်ဖြေရေးအစီအစဥ်များ၊နိုင်ငံတကာသတင်းများ၊ပြည်တွင်းသတင်းများ၊အားကစားသတင်းများဟူ၍ အမျိုးအစားလေးမျိုးရှိပါတယ်။

    အသုံးပြုသူများသည် အဆိုပါသတင်းများကို browse လုပ်ပြီး ဗီဒီယိုများကိုကြည့်ရှုနိုင်ပါတယ်။


  3. (၂) ဝဘ်ဆိုဒ်မှတစ်ဆင့် Golden News ဝန်ဆောင်မှုကို ရယူနိုင်ပါသလား။
  4. ဝန်ဆောင်မှုရယူရန် http://goldenvas.com ကိုအသုံးပြုနိုင်သည်။


  5. (၃)ဝန်ဆောင်မှုကို ဝဘ်ဆိုဒ်မှ ဘယ်လိုရယူမလဲ။
  6. "GOLDEN NEWS URL" http//goldenvas.com/"ကိုဖွင့်ပါ။

    Golden News ဝဘ်ဆိုဒ်၏"Landing Page"ကိုရောက်ရှိပါမည်။

    ဝန်ဆောင်မှုရယူရန်ဟူသော Button ကိုနှိပ်လျှင် ငွေပေးချေမှုစာမျက်နှာသို့ ရောက်ရှိပါမည်။

    ထိုစာမျက်နှာတွင် 'အတည်ပြုသည်'ကိုနှိပ်ပါ။

    'အတည်ပြုသည်'ကိုနှိပ်ပြီးလျှင် ငွေပေးချေမှုအတွက် အဖိုးအခကောက်ခံပါမည်။

    ထိုအခါ ဝက်ဘ်ဆိုဒ်၏ပင်မစာမျက်နှာသို့ရောက်ရှိပြီး ဝန်ဆောင်မှုအားရယူပြီးဖြစ်ပါသည်။


  7. (၄)ဝန်ဆောင်မှုကို စာတိုဖြင့် ဘယ်လိုရယူမလဲ။
  8. ကျေးဇူးပြု၍ '8736'သို့ 'ON'ဟု စာတိုပို့ပါ။ထို့နောက် ဝန်ဆောင်မှုရရှိရန် '9'ဟု ထပ်မံ စာတိုပို့ပါ။


  9. (၅) Golden News ဝန်ဆောင်မှုကို မည်သည့် device များတွင်အသုံးပြုနိုင်သနည်း။
  10. အင်တာနက်ချိတ်ဆက်၍ရသော Andriod Smartphones iphone ipad နှင့် Tablet များတွင်အသုံးပြုနိုင်ပါသည်။


  11. (၆) Golden News ဝန်ဆောင်မှုအတွက် အဖိုးအခနှုန်း မည်မျှကုန်ကျမည်နည်း။
  12. အပတ်စဥ်အတွက် အခွန်အပါအဝင် ၃၀၀ကျပ် ကုန်ကျပါမည်။


  13. (၇)ငွေပေးချေမှုနည်းစနစ်တွေဘာတွေလဲ။
  14. ဝန်ဆောင်မှုကို MPT ဖုန်းဘေလ်မှတစ်ဆင့် ပေးချေနိုင်ပါသည်။သင်သည် MPT prepaid အသုံးပြုသူဖြစ်လျှင် ဝန်ဆောင်မှုအတွက် ထိုဖုန်းဘေလ်မှ နှုတ်ယူပါမည်။MPT post-paid အသုံးပြုသူဖြစ်လျှင် သင်သည်ဖုန်းဘေလ်ပေးဆောင်သောအခါ MPT မှ ဝန်ဆောင်ခအတွက် စုဆောင်းတွက်ချက်ပေးပါမည်။


  15. (၈)ဝန်ဆောင်မှုအခကြေးငွေများကို ဘယ်လိုပေးချေမလဲ။
  16. ကျွန်ုပ်တို့သည် Golden News ဝန်ဆောင်မှုကိုအသုံးပြုရန် တင်သွင်းထားသော၊မှတ်ပုံတင်ထားသော ဖုန်းနံပါတ်မှဘေလ်များမှ ဝန်ဆောင်ခကိုကောက်ခံပါမည်။သင်သည် MPT post-paid အသုံးပြုသူဖြစ်လျှင် ဖုန်းဘေလ်ပေးဆောင်သောအခါ MPT မှ ဝန်ဆောင်ခအတွက် စုဆောင်းတွက်ချက်ပေးပါမည်။


  17. (၉)ဗီဒီယိုများကိုကြည့်ရှုလျှင် အင်တာနက်အဖိုးအခ ထပ်မံကုန်ကျပါသလား။
  18. သင်၏ device ရှိ အင်တာနက်ဒေတာမှတစ်ဆင့် တိုက်ရိုက် ဗီဒီယို contents များကို ကြည့်လျှင် အင်တာနက်အဖိုးအခ ထပ်မံကုန်ကျပါမည်။Wifi မှတစ်ဆင့်ကြည့်ရှုပါက ကုန်ကျမည်မဟုတ်ပါ။


  19. (၁၀) Golden News ဝန်ဆောင်မှုကို Wifi ဖြင့် အသုံးပြုနိုင်သလား။
  20. Wifiဖြင့် အသုံးပြုနိုင်ပါသည်။


  21. (၁၁) Golden News ဝန်ဆောင်မှုကို မှတ်ပုံတင်ခြင်းမရှိဘဲ အသုံးပြုနိုင်သလား။
  22. မှတ်ပုံတင်ခြင်းမရှိဘဲ အသုံးမပြုနိုင်ပါ။


  23. (၁၂)ငွေပေးချေခြင်းမရှိဘဲ ဗီဒီယိုများကိုကြည့်ရှုနိုင်ပါသလား။
  24. မကြည့်ရှုနိုင်ပါ။


  25. (၁၃) Golden News ဝန်ဆောင်မှုကို ဘယ်လိုပယ်ဖျက်ရမလဲ။
  26. '8736'သို့ 'OFF'ဟု စာတိုပို့ပါ သို့မဟုတ် Golden News ဝဘ်ဆိုဒ်တွင် ဝန်ဆောင်မှုပယ်ဖျက်ရန် ဟူသော button ကိုနှိပ်ပါ။


  27. (၁၄) Golden News ဝန်ဆောင်မှုတွင်ရှိသော ဗီဒီယိုမာတိကာများကို ဒေါင်းလုတ် လုပ်နိုင်ပါသလား။
  28. မပြုလုပ်နိုင်ပါ။


  29. (၁၅) Golden News ဝန်ဆောင်မှုကို တစ်ပြိုင်နက် device ဘယ်နှစ်လုံးတွင် အသုံးပြုနိုင်သလဲ။
  30. Device တစ်လုံးအတွက် အကောင့်တစ်ခုသာ အသုံးပြုနိုင်သည်။Golden News အကောင့်ကို အခြားDeviceတွင် အသုံးမည်ဆိုပါက အရင် device တွင်ရှိသောအကောင့်သည် ဖယ်ရှားသွားလိမ့်မည်။


  31. (၁၆)ပြည်ပ၌ Golden News ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသလား။
  32. MPT နံပါတ်ရှိသော device တွင်သာ အသုံးပြုနိုင်သည်။


  33. (၁၇)ဗီဒိုယိုကြည့်နေစဥ်တွင် ၎င်း၏ resolution ကိုရွေးချယ်နိုင်ပါသလား။
  34. မရွေးချယ်နိုင်ပါ။


  35. (၁၈) Golden News ဝန်ဆောင်မှုနှင့်ပက်သက်၍ ဘယ်လိုဆက်သွယ်ရမလဲ။
  36. (၂၄)နာရီအတွင်း '106' သို့ခေါ်ဆိုနိုင်ပါသည်။Golden News Facebook Page ၏ messenger တွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။Golden News က သင့်အတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေပါမည်။


  37. (၁၉)Portal ပေါ်တွင် ဗီဒီယိုများကို ဘယ်လောက်ကြာကြာ ကြည့်ရှုနိုင်သလဲ။
  38. အသုံးပြုသူသည် ငွေပေးချေမှုအစီအစဥ်ရှိသည့်တိုင်အောင် ကြည့်ရှုနိုင်သည်။


  39. (၂၀)ဝန်ဆောင်မှုပယ်ဖျက်ပြီးနောက် ဗီဒီယိုများကို ကြည့်ရှူနိုင်ပါသလား။
  40. ဝန်ဆောင်မှုပယ်ဖျက်ပြီးနောက် ဗီဒီယိုများကို မကြည့်ရှူနိုင်ပါ။တစ်ဖန်ပြန်လည်ကြိုးစားကြည့်ပါက ဝန်ဆောင်မှုရယူရန် မက်ဆေ့ချ်ပေးပို့ပါလိမ့်မည်။